မြိတ်တက္ကသိုလ်တွင် အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်တက္ကသိုလ်တွင် အမျိုးသမီးကိုယ်လုံပညာ သင်တန်းဖွင့်လှစ်



MNP ၊ မတ်  ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အမျိုးသမီးငယ်လေးများ ကိုယ်လုံပညာ အရည်အသွေး တိုးတက်လာပြီး တွေ့ကြုံလာရမည့် အန္တရာယ်များကို ကာကွယ်နိုင်စေရေးအတွက် အမျိုးသမီးကိုယ်လုံပညာသင်တန်းကို မတ်(၂၀)ရက် ညနေပိုင်းက မြိတ်တက္ကသိုလ် အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။


သင်တန်းကို မြိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာအေးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ အမျိုးသမီးကိုယ်လုံပညာသင်တန်းကို မြိတ်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြိတ်တက္ကသိုလ်နှင့် မြိတ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးဖြိုးဝေလင်းက သင်ကြားပေးလျက်ရှိပြီး အမျိုးသမီးငယ်(၃၃)ဦးတက်ရောက်ခဲ့ကြကာ သင်တန်းကို မတ်(၂၀)မှ ဧပြီ(၃)ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)