မြိတ်မြို့တွင်၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိတ်မြို့တွင်၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ





MNP ၊ မတ်  ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား/သူများအနေဖြင့် ထိရောက်သောသင်ယူမှုများ စဉ်ဆက်မပြတ်ရရှိစေရန်အတွက် ခရိုင်အဆင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြသည်။


ဆွေးနွေးပွဲကို အခြေခံပညာကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အခြေခံ ပညာ ထက်တန်းနှင့် အလယ်တန်းအဆင့်သင် ဆရာ၊ ဆရာမများ၏ အတန်းအလိုက်၊ ဘာသာရပ်အလိုက် သင်ကြားမှုအရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်၍ စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ဆွေးနွေးပွဲဖွင့်ပွဲကို အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက အဖွင့်အမှာစကားပြောကြားပြီး ဘာသာရပ်အလိုက်ဆွေးနွေးပို့ချ‌ပေးကြမည့် ကျောင်းအုပ်ကြီးများနှင့် ဆရာ/မများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြသည်။ ထို့နောက် မြိတ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်သီတာစိုးက ဆွေးနွေးပွဲနှင့်ပတ်သက်သည့် လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့ကြသည်။


အခြေခံပညာ အထက်တန်းအဆင့်ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပို့ချကြမည့် နည်းပြများအဖြစ် အထက်တန်းကျောင်းအုပ်ကြီးများနှင့် အထက်တန်းပြဆရာ/မ(၁၉)ဦးနှင့် အလယ်တန်းအဆင့် ဘာသာရပ်အလိုက် စွမ်းရည်မြှင့်ဆွေးနွေးပို့ချကြမည့် နည်းပြများအဖြစ် အလယ် တန်းကျောင်းအုပ်ကြီးများနှင့် အလယ်တန်းပြဆရာ/မ(၅၁)ဦးတို့မှ ဦးဆောင်၍ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ အထက်တန်းပြ ဆရာ/မ(၅၄၇)ဦးနှင့် အလယ်တန်းပြ ဆရာ/မ(၁၄၆၁) ဦး တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကာ မတ်(၂၁)ရက်မှ(၂၄)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)