MNP ၊ မတ် ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ငပလီမြို့တွင် ယနေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ဘောဂဗေဒ၊ဇီဝဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်းသိရသည်။
ငပလီမြို့စာစစ်ဌာနတစ်ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၁၉)ဦးရှိရာ ယနေ့ဇီဝဗေဒ ဘာသာရပ်ေဖြဆိုသူကျား(၃)ဦး၊မ(၁ဝ)ဦးစုစုပေါင်း(၁၃)ဦး ဝင်ရောက်ဖြေဆိုပီး၊ဘောဂဗေဒဘာသာရပ်စာရင်းရှိ(၂၉၇)ဦး၊ဖြေဆိုသူကျား(၁၃၉)ဦး၊ မ(၁၄၄)ဦး၊ပျက်ကွက်သူကျား(၆)ဦး၊မ(၈)ဦးစုစုပေါင်းေဖြဆိုသူ(၂၈၃ )ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ငပလီမြို့အတွင်းရှိ ကျောင်း သား/သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ငပလီမြို့အထွေထွေအုပ်ချုပ်ရေး၊မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှကြီးကြပ်ပြီး၊ စာစစ်ဌာန(၁)ခု ဖွင့်လှစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ စာစစ်ဌာနများသို့ မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းပြင်ပလုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment