ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဆဌမမြောက် နေ့ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ် ဆက်လက်ဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဆဌမမြောက် နေ့ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ် ဆက်လက်ဆိုလျက်ရှိ





MNP ၊ မတ်  ၁၅

          သထုံခရိုင်၊ ဘီးလင်းနယ်မြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမမြောက်နေ့ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂ ဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက် ရှိ​ကြောင်း သိရသည်။


           ဘီးလင်းမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခု ဖွင့်လှစ်ထားရှိရာ ယနေ့ ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၉) ဦး ၊ကျောင်းသူ (၇၃)ဦးနှင့် ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၀၅)၊ ကျောင်းသူ ( ၂၂၈ )ဦးရှိရာ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ (၄၃၅)ဦး ဖြစ်ပြီး၊ကျား (၇) ဦး၊ မ (၁၉) ဦး စုစုပေါင်း (၂၆) ဦးပျက်ကွက်ခဲ့ပြီး ဇီဝဗေဒ ဖြေဆိုမှုရာခိုင်နှုန်း  ၉၈.၀၇ ရာခိုင်နှုန်းနှင့် ဘောဂဗေဒ ဖြေဆိုမှု ၉၃.၂၇ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။


       တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဥ် ကာလအတွင်း ကျောင်းသား ၊ကျောင်းသူ များ လုံခြုံအေး ချမ်းစွာဖြေဆို နိုင်ရေးအတွက်  ဘီးလင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ထူးနောင်  

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)