မာန်အောင်မြို့၌ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့၌ တက္ကသိုလ်ဝင်စာ‌မေးပွဲ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဆက်လက်ဖြေဆို





MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင်  ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ(၈) ရက်နေ့မှစတင်၍ဖြေဆိုလျက်ရှိရာ ယနေ့နံနက်၉နာရီတွင်ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်တို့ကို ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 


   မာန်အောင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုစာစစ်ဌာန(၂)ခုထားရှိပြီး ဇီဝဗေဒဘာသာရပ်ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ (၂၆)ဦး၊လာရောက်ဖြေဆိုသူ(၂၁)ဦး၊ပျက်ကွက်သူ(၅)ဦးရှိရာ ဖြေဆိုရာနှုန်း(၈၀•၈  )ရာခိုင်နှုန်းရှိကြောင်းနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ(၃၇၁)ဦး၊လာရောက်ဖြေဆိုသူ(၃၁၄)ဦး၊ပျက်ကွက်သူ(၅၇)ဦးရှိရာဖြေဆိုရာနှုန်း(၈၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


        အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)