ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို




MNP ၊ မတ်  ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား အခြေခံပညာအထက် တန်းကျောင်း(ကံမ) စာစစ်ဌာနတွင် ဖြေဆိုကျင်းပလျက်ရှိပြီး ယနေ့နံနက် ၉ နာရီက  ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  မိဘ၊ ဆရာ အသင်းဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည်။


အဆိုပါ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကျင်းပရာတွင် ကံမမြို့နယ်၌ စာစစ်ဌာန (၁)ခုသာရှိပြီး   ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၂၄) ဦးရှိပြီး  ဖြေဆိုသူ (၂၄)ဦး ဖြေဆိုမှုရာခိုင်နှုန်း ရာနှုန်းပြည့်နှင့် ဘောဂဗေဒဘာသာရပ်တွင် စာရင်းရှိ (၂၀၁)ဦး ဖြေဆိုသူ (၁၈၀)ဦး ဖြေဆိုမှု (၈၉.၅၅)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကျော်ဇေယျဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)