ဖြူးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း(၇)မျိုး သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်း(၇)မျိုး သင်တန်းဆင်းပွဲကျင်းပ


MNP ၊ မတ်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဖြူးမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် ၂၀၂၃-ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း(၇)မျိုးကို ကျောင်းသား/ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းများဆင်းပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံ လေလုံအားကစားရုံ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။


နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇော်မျိုးနောင်က အဖွင့်အမှာစကားပြောကြားပြီးနောက်  အားကစားအလိုက် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပေးခဲ့သည်။ ဆက်လက်၍  အးကစားအလိုက် သင်တန်းသား/ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို  ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပေးအပ်ပေးခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် လက်ဝှေ့အားကစားနည်း သရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်း(၇)မျိုးဖြစ်သည့် ဘောလုံးအားကစားသင်တန်းတွင် ကျား(၈၀)ဦး၊ ပိုက်ကျော်ခြင်း အားကစားသင်တန်းတွင်ကျား(၂၀)ဦး၊ အေရိုးဗစ်အားကစားသင်တန်းတွင် ကျား(၂၀)ဦး၊ မ(၂၅)ဦး၊ သိုင်းအားကစားသင်တန်းတွင် ကျား(၁၂)ဦး၊ မ(၈)ဦး၊ ပြေးခုန်ပစ် အားကစားသင်တန်းတွင် ကျား (၃၀)ဦး၊ မ(၂၀)ဦး၊ တင်းနစ်အားကစားသင်တန်းတွင် ကျား(၁၀)ဦး၊ မ(၅)ဦး၊ လက်ဝှေ့အားကစားသင်တန်းတွင် ကျား(၂၀)ဦး၊ မ(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ(၁)ရက်နေ့မှမတ်လ(၁၅)ရက်နေ့ထိဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment