မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်း ညှိနှိုင်း အစည်း အဝေးကျင်းပ




MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ မြောက်ဦးမြို့နယ်အတွင်းရှိ ရေသန့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား သောက်သုံးရန် သင့်/မသင့် ကွင်းဆင်းစစ်ဆေးကြရန် ၊ ပူပြင်းခြောက်သွေ့သောနွေရာသီ ရောက်ရှိ လာပြီဖြစ်၍ စားသောက်များသို့ သွားရောက်၍ မီးဘေးအန္တရာယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးရန် နှင့် ဌာနဆိုင်ရာဝန် ထမ်းများ မိမိတို့ရုံးဌာနအလိုက်အလိုက်တစ်ပတ်လျှင် တစ်ကြိမ် ရုံးပတ်ဝန်း ကျင် ကို သန့်ရှင်းလှပ အောင် လုပ်ဆောင်ကြရန်စသည်တို့ကို ပြောကြားခဲ့သည်။


 ထို့နောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း  တက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုချိန် တွင် မသာမာမှုများ မဖြစ်ပေါ်စေရေး သက်ဆိုင်ရာဌာနများတို့ ပူးပေါင်း၍ လုပ်ဆောင် ကြ ရန် တို့ကိုပြောကြားခဲ့ပြီး နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်း ရေးမှူး ဒုတိယရဲ မှူးကြီး ခင်မောင်စိုးကလည်း လမ်း၊စည်းကမ်း၊ ယာဉ်စည်းကမ်းများ ကို မြို့ပေါ်ရပ်ကွက်များသို့ သွား ရောက်၍ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိသည်တို့ကို ပြောကြားခဲ့သည်။


ပြီးနောက် ခရိုင်အဆင့် ဌာန ဆိုင် ရာများ မှ လည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြား ခဲ့ပြီး ခရိုင်စီမံ အုပ် ချုပ်ရေး အဖွဲ့ဥက္ကဌ မှခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment