ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်ဖြေဆို


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးသီးစာစစ်ဌာနတွင် ဖြေဆိုခဲ့ကြပြီး ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၁)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ(၁၂)ဦး၊ စုစုပေါင်း(၁၃)ဦးရှိကြောင်း သိရသည်။


စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သဲစုပိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment