ရလဒ် ကောင်းရရှိဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားမှာပါ ဟု ကွင်းလယ်လူ ကျော်မင်းဦး ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရလဒ် ကောင်းရရှိဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားမှာပါ ဟု ကွင်းလယ်လူ ကျော်မင်းဦး ပြော



MNP ၊ မတ် ၂၁

Hero Tri Nation International Football Tournament 2023 ပြိုင်ပွဲ အိမ်ရှင်အိန္ဒိယနှင့် မြန်မာအသင်းတို့ သည် မနက်ဖန် မတ်လ ၂၂ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပွဲစဉ်မတိုင်မီ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်နှင့် ကွင်းလယ်လူ ကျော်မင်းဦးတို့သည် ယနေ့မွန်းလွဲပိုင်းက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုကို အသီးသီး ဖြေကြားခဲ့ရာ ကွင်းလယ်လူကျော်မင်းဦးက "အိန္ဒိယ အသင်းရော ကာဂျစ္စတန် အသင်းပါ မာကျောတောင့်တင်းတဲ့ အသင်းတွေပါ။ ဒါကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ရလဒ် ကောင်းရရှိဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားမှာပါ။" ဟု ပြောဆိုလိုက်သည်။


မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် မိုက်ကယ် က "ဒီနေ့ နေ့လယ်ပိုင်းကပဲ ထိုင်းလိဂ်မှာ ကစားနေတဲ့ မြန်မာကစားသမားတွေ ဒီကိုရောက်ရှိလာပါပြီ။ ဒီညနေ လေ့ကျင့်ရေးမှာတော့ အသင်းရဲ့လေ့ကျင့်မှု လူစုံနဲ့ ပထမဆုံး စတင်နိုင်ပါပြီ။ မနက်ဖြန်မှာ ကစားမယ့် အိမ်ရှင်နဲ့ပွဲက ကျွန်တော်တို့အတွက် ပထမဆုံးပွဲလည်း ဖြစ်သလို စုဖွဲ့မှု တစ်ကြိမ်တည်းနဲ့ ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာမယ့် အနေအထားပါ။ ကစားသမားတွေကို ကျွန်တော်ယုံပါတယ်။ သူတို့က တစ်ဦးချင်း နေရာအလိုက်ထူးချွန်တဲ့ ကစားသမားတွေပါ။ ရလဒ် ဘယ်လိုထွက်ပေါ်မလဲ ဆိုတာ အခုအချိန်မှာ ဘာမှပြောလို့မရဘူး။ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပေမဲ့ မဖြစ်နိုင်ဘူး ဆိုတာတော့ မရှိပါဘူး။ ကစားသမားတွေ စွမ်းဆောင်မှုက အရေးကြီးသလို သူတို့ကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ နည်းစနစ် နည်းဗျူဟာတွေ ဆိုတာထက် ကစားသမား တစ်ဦးချင်းကနေ အသင်းလိုက် စွမ်းဆောင်နိုင်မှုကို ပိုမျှော်လင့်ပါတယ်။" ဟု ပြောဆိုထားသည်။


မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ ကျော်မင်းဦး က "မလေးရှားလိဂ်က တကယ် ကစားရခက်သလို အဲ့ဒီမှာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရတာပါ။ ကျွန်တော်တို့မှာ အတွေ့အကြုံကောင်းတွေ ရှိတဲ့ ကစားသမားတွေ ပါဝင်နေသလို လူငယ်တွေလည်းရှိနေပါတယ်။ အိန္ဒိယ အသင်းရော ကာဂျစ္စတန် အသင်းပါ မာကျောတောင့်တင်းတဲ့ အသင်းတွေပါ။ ဒါကြောင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ရလဒ် ကောင်းရရှိဖို့ ကျွန်တော်တို့ အားလုံး အစွမ်းကုန်ကြိုးစားမှာပါ။" ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။


မြန်မာ့လက်ရွေးစင် အသင်းသည် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် မနက်ဖြန် မတ်လ ၂၂ ရက်၊ မြန်မာစံတော်ချိန် ည (၇)နာရီ၊ အင်ဖာမြို့ Khuman Lampak ကစားကွင်းတွင် Hero Tri Nation International Football Tournament 2023ပြိုင်ပွဲ အဖွင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ ယင်းနောက် မတ်လ ၂၅ ရက်နေ့တွင်လည်း ကာဂျစ္စတန် အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အဆိုပါ ပွဲစဉ်များအား ပြည်တွင်း Free to Airရုပ်သံလိုင်းများနှင့် ဆိုရှယ်မီဒီယာများမှ တိုက်ရိုက်ပြသရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)