စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက် က ဆရာတော်ဦးဝါသဝ လို့ ပြောလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ ဆရာတော်ရဲ့ ကူညီစောင့်ရှောက်မှုကြောင့် အသက်ဘေးအန္တရာယ်က ကင်းဝေးခဲ့ရတဲ့ ဒေသခံပြည်သူတချို့ကတော့ ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) ကို "ဒုတိယမြိုင်ကြီးငူဆရာတော်" လို့ တင်စားပြောဆိုကြပါတယ်။
ဆရာတော်အနေနဲ့ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်တွေက KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကယ်တင်စောင့်ရှောက်ပေးရင်းက KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးရင်းက NLD အစွန်းရောက် အကြမ်းဖက်အုပ်စုက ဆရာတော်ကို ပျူခေါင်းဆောင် အဖြစ် သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့ကြပါတယ်။
ဆရာတော်ဦးဝါသဝအနေနဲ့က စမိတဲ့ ခြေလှမ်းကို နောက်မဆုတ်တမ်း ဆက်တိုးလျှောက်ခဲ့ပါတယ်။ KIA/PDF အကြမ်းဖက်သမားများက ဆရာတော်ရဲ့ လမ်းခရီးကစောင့်ပြီး မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ဆောင်ရွက်ခဲ့ကြပါတယ်။ တစ်ကြိမ်မှာတော့ ဆရာတော်ပါတဲ့ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်မယ့် PDF အကြမ်းဖက်အဖွဲ့က အမျိုးသမီး (၂)ဦး ကို ဖမ်းဆီးရမိခဲ့ပြီး မေတ္တာ၊ ကရုဏာရှေးရှုပြီး ပြောဆိုဆုံးမကာ လွှတ်ပေးခဲ့ပါတယ်။
ဆရာတော်ဘက်က ဘယ်လောက်ပင် မေတ္တာပေးနေစေကာမူ NLD အစွန်းရောက် အကြမ်းဖက်တွေရဲ့ facebook စာမျက်နှာတွေ၊ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေမှာ ဆရာတော်ဦးဝါသဝ ကို ပစ်မှတ်ထား လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပါတယ်။ ဆရာတော်ဦးဝါသဝ ရဲ့ ခေါင်းကို ရရင် သိန်း ၅၀၀ ပေးမယ်၊ သိန်း ၁၀၀၀ ပေးမယ်ဆိုသည်အထိ ဆုကြေးထုတ်ပြီး သတ်ခိုင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။
ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်တွေမှာ ပြည်သူ့စစ်ကို သန္ဓေတည်ပေးခဲ့ရာ ဌာနကတော့ ဆရာတော်ဦးဝါသဝ ရဲ့ သာသနာ့အလင်းရောင်ကျောင်းတိုက်မှာပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ကျောင်းမှာ KIA/PDF အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် တိမ်းရှောင်ရောက်ရှိလာသူဟာ ၅၀၀ ကျော် ၆၀၀ နီးပါး ရှိလာခဲ့ပါတယ်။ ဒီလူတွေဟာ ဘယ်လိုနည်းနဲ့မှ ကိုယ့်ရပ်ကိုယ်ရွာကို ပုံမှန်အခြေအနေအတိုင်း ပြန်ဖို့ မလွယ်ဘူး။ ဒါကြောင့် ဆရာတော်ရဲ့ ကျောင်းမှာ စပြီး ပြည်သူ့စစ်သင်တန်းဖွင့်ပေးခဲ့တယ်။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြည်သူ့စစ်အဖွဲ့အနေနဲ့ ပြန်ကြပြီး ကျေးရွာလုံခြုံရေးကို တာဝန်ယူဆောင်ရွက်ကြရတယ်။
ဒီလိုဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့ကို KIA/PDF အကြမ်းဖက်သမားတွေ ဝင်ရောက်နိုင်ခြင်း မရှိတော့ပါဘူး။ ပြည်သူ့စစ်တွေ မဖွဲ့စည်းနိုင်ခင်ကတော့ KIA/PDF တွေ ပြုသမျှ နုခဲ့ရသူတွေ ဖြစ်ပါတယ်။ လူစိတ်မရှိတဲ့ KIA/PDF အနေနဲ့က ဘယ်လောက်အထိ ယုတ်မာရိုင်းစိုင်းကြသလဲဆိုရင် ကိုယ့်မိသားစုဝင်အချင်းချင်းတောင် သူတို့ကို အားပေးထောက်ခံခြင်းမပြုရင် ညီအစ်ကိုမောင်နှမသားချင်းတောင် မချန် အတိဒုက္ခရောက်အောင် လုပ်သည်အထိ ယုတ်မာရိုင်းစိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာမှာဆိုရင် စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို ခေါင်းဖြတ်၊ ခြေဖြတ် တစ်စစီပိုင်းဖြတ်ပြီး သတ်ခဲ့ကြသည်အထိပါပဲ။ အခုတော့ ကျွန်းလည်ကို KIA/PDF မကပ်နိုင်တော့ပါဘူး။ ရွာကို မဝင်နိုင်တော့တဲ့အခါ KIA/PDF က ဒရုန်းနဲ့လာပြီး drop bomb ချတာမျိုးတွေ လုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။
ဒေသခံပြည်သူတွေမှာ ဝေခွဲမရဖြစ်နေတဲ့အချိန်မှာ ဆရာတော်ဦးဝါသဝ က ရွာစဉ်လှည့်လည်ပြီး အကြမ်းဖက်သမားဘက်က နေမလား၊ ဥပဒေဘောင်အတွင်းမှာ နေထိုင်မလား။ ကိုယ့်ရပ်ကိုယ့်ရွာကို အပျက်စီးခံမလား။ ကာကွယ်ကြမလား ဆိုတဲ့ သြဝါဒနဲ့ပဲ ရွာအတော်များများမှာ ပြည်သူ့စစ်အဖွဲ့တွေ ပေါ်ပေါက်လာပြီး KIA/PDF ကို ခုခံကာကွယ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ဆရာတော်ဟာ ဒေသကာကွယ်ရေးအတွက်သာ ကြိုးပမ်းရတာ မဟုတ်ပါဘူး။ ဆရာတော်အနေနဲ့ အမျိုး ဘာသာ သာသနာအရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ရသလို၊ ဒေသဖွံ့ဖြိုးရေးအတွက်လည်း အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်ရင်းက လုံးပမ်းခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ကန့်ဘလူ၊ တန့်ဆည်မြို့နယ်တွေက ပြည်သူ့စစ်ဖွဲ့စည်းနိုင်တဲ့ ကျေးရွာတွေမှာ အလှူပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ပါတယ်။ လွယ်လင့်တကူ လုပ်လို့ရခြင်းမျိုးတော့ မဟုတ်ပါဘူး။ KIA ရဲ့ သွေးထိုးမြှောက်ပင့်ပေးခြင်းခံထားရတဲ့ PDF အကြမ်းဖက်သမားများဟာ ပဋ္ဌာန်းပွဲကိုလည်း ဗုံးကျဲတိုက်ခိုက်ပါတယ်။ သင်္ကြန်ပွဲကိုလည်း ဗုံးကျဲတိုက်ခိုက်ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးကို ဆောင်ရွက်နိုင်ခြင်းကြောင့်သာ အလှူပွဲကြီးတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ဆရာတော်ထံကနေ ပေးပို့လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အံ့အားသင့်သွားခဲ့ရပါတယ်။ အဲဒါကတော့ မိုးတွင်းကာလတုန်းက မိုးကြီးပြီး ရေနဲ့ပါသွားတဲ့ မူးမြစ်တံတားကြီးတွေကို ဒေသခံများ သွားလာရေးလွယ်ကူအောင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ကြတာကို သိလိုက်ရပါတယ်။ တန့်ဆည်မြို့နယ် ကျွန်းလည်ကျေးရွာနှင့် ကန့်ဘလူမြို့နယ် မိုးကောင်းကျေးရွာကြားရှိ မူးမြစ်ကူးတံတားကြီးတစ်စင်း ဖွင့်ပွဲလုပ်ဖို့တောင် ပြင်ဆင်ထားပါပြီ။ အလားတူ တန့်ဆည်မြို့နယ် မူးခွကျေးရွာအုပ်စု မူးခွကျေးရွာနှင့် ကန့်ဘလူမြို့နယ် ကံရိုးကျေးရွာကြားရှိ မူးမြစ်ကူးတံတားကြီးလည်း ပြီးစီးလုနီးပါး ဖြစ်နေပါပြီ။
ဒေသခံပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ တံတားကြီးတွေကိုလည်း ဆရာတော်ရဲ့ ဦးဆောင်မှု၊ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရတဲ့ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ဆရာတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ အံ့မခန်းပါပဲ။ ဒေသခံပြည်သူတွေ ဂုဏ်တင်ပြောဆိုတဲ့ "ဒုတိယမြိုင်ကြီးငူဆရာတော်" ဆိုတာ တကယ့် အစစ်မှန်ပါပဲ။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေကလည်း အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ထောင်ပေါင်းများစွာကို ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ပြီး ဂုဏ်ယူဝံ့ကြွားနေကြမှာပဲ ဖြစ်ပါတယ်။ ဒါကတော့ ကြီးမားတဲ့ အကုသိုလ်အမှုတွေပြုပြီး ဂုဏ်မယူသင့်တာကို ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။ အဲဒီလို ကြီးမားတဲ့ အကုသိုလ်အမှုတွေ ကျူးလွန်နေကြသူတွေကြောင့် ဆရာတော်ဦးဝါသဝ နဲ့ တပည့်ဒကာ၊ ဒကာမတွေကတော့ ကြီးမားတဲ့ ကုသိုလ်တွေ တန်ပြန်ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ အထူးအားဖြင့် ဆရာတော်ဦးဝါသဝ မှာ ပြည်သူပေါင်းများစွာရဲ့ အသက်ကို KIA/PDF အကြမ်းဖက်သမားတွေရဲ့ လက်ထဲက ကယ်တင်လိုက်နိုင်ခဲ့သလို ဒေသခံတွေ ၂နှစ်လောက် မပြုနိုင်ခဲ့တဲ့ အလှူအတန်းတွေ ပြုနိုင်အောင်လည်း စီစဉ်ပေးနိုင်ခဲ့တယ်။ ဒေသခံပြည်သူလူထုအတွက် လိုအပ်တဲ့ တံတားကြီးတွေ ဆောက်လုပ်ပေးနိုင်ခဲ့တဲ့ ကုသိုလ်ကတော့ အထူးခြား အပြောင်မြောက်ဆုံး စွမ်းဆောင်နိုင်ခဲ့ခြင်းလို့ပဲ ဂုဏ်ယူနေမိပါတယ်။ ဆရာတော်ဦဝါသဝ(ငါးရာငါးဆယ်ဆရာတော်) ရဲ့ ဒေသခံ ပြည်သူများအကျိုး ဆောင်ရွက်နေမှုများကို ဦးညွှတ်ဂါရဝ ပြုရင်းနဲ့ .....
နောင်တော်လေး (ဘိုကလေး)
#MyanmarNationalPost






No comments:
Post a Comment