နတ်မောက်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ



MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာတွင် တောင်သူအများစုသည် ရာသီအလိုက်ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစု စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


“ဒေသခံတောင်သူများသည် မိုးဦးသီးနှံ ရိတ်သိမ်းပြီးပါက ဆောင်းရာသီနှင့် နွေရာသီဝင်ငွေ ရရှိစေရန်အတွက် မိမိတို့ ယာမြေဥယျာဉ်ခြံများထဲ၌  မြေအောက်ရေပေးသွင်းခြင်းဖြင့် ပြောင်းဖူး၊ ခရမ်း၊ ခရမ်းချဉ်၊ ဆလပ်၊ ချဉ်ပေါင်၊ ဗူး၊ မုန်ညှင်းပင်၊သခွား၊ ကြက်ဟင်းခါးသီး၊ ဖရုံသီး၊ ကန်စွန်း ၊ နံနံပင်၊ ငရုတ်စသည့် ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရောင်းချပါတယ်၊ စိုက်ပျိုးတဲ့အခါမှာလည်း ဓာတုဓာတ်ကြွင်းကင်းလွတ်စေဖို့ Super ဘိုကာရှီ၊ သဘာဝမြေဆွေးများဖြစ်တဲ့ နွားချေး၊ ဆိတ်ချေးများ၊ အပင်အားတိုးဆေးတွေကို ကိုယ်တိုင် ပြုလုပ်ပြီး သုံးစွဲကြောင်း” ကြူအိုင်ကျေးရွာမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောပြသည်။ စိုက်ခင်းမှရလာသည့် ဟင်းသီးဟင်းရွက်များကို နတ်မောက်မြို့ယာယီစျေးတွင် ရောင်းချခြင်းနှင့် ရပ်ကွက်အတွင်းသို့ လိုက်လံရောင်းချပေးသောကြောင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


မူမူစန်း    

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)