တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုလျက်ရှိ





MNP ၊ မတ်  ၉

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(အင်္ဂလိပ်စာ)ဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က    မြို့ပေါ်ရှိ စာစစ်ဌာနများ ဖြစ်သည့်  အထက(၁) နှင့် အထက(၄)တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။


ထိုသို့ဖြေဆိုရာတွင် အထက(၁)စာစစ်ဌာန တွင် ဖြေဆိုမည့်သူ စာရင်းရှိ (၅၀၀)ဦးရှိသည့်အနက် ဖြေဆိုသူ(၄၂၅)ဦး ၊ ပျက်ကွက်သူ(၇၅)ဦး ရှိပြီး အထက(၄) စာစစ်ဌာနတွင် ဖြေဆိုမည့်သူ စာရင်းရှိ (၂၂၈)ဦးရှိသည့်အနက် ဖြေဆိုသူ(၁၈၂)ဦး ၊ ပျက်ကွက်သူ(၄၆)ဦးရှိကြောင်းနှင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ အထက(၁)တွင် (၈၅)ရာခိုင်နှုန်း ၊ အထက(၄)တွင် (၈၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး နှင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)