ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ




MNP ၊ မတ်  ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် ပူဇော်ခြင်းခံရသော မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက်၊ အောင်သိဒ္ဓိကျောင်း တိုက်နာယကဆရာတော်ကြီးအား မြို့နယ်အတွင်းရှိ တပည့်ဒါယိကာ၊ ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနားကို မတ်လ ၇ ရက်နေ့ နံနက် ၈ နာရီက အဆိုပါ အောင်သိဒ္ဓိကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင် တပည့်ဒါယိကာ၊ ဒါယိကာမများနှင့်ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များတက်ရောက်၍ နမ္မောတဿ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းခံရသော ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်း တိုက်နာယကဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်တပည့်ဒါယိကာ၊ ဒါယိကာမများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှင့် ပင့်သံဃာအရှင်သူမြတ်များကို နေ့ဆွမ်းနှင့် ‌လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းများပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့‌ကြောင်း သိရသည်။


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment