သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် အစားသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာန (FDA)၏ ထောက်ခံချက်မပါရှိသော Parbisureအမည်ဖြင့် အကြောအားဆေးအား ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် အစားသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာန (FDA)၏ ထောက်ခံချက်မပါရှိသော Parbisureအမည်ဖြင့် အကြောအားဆေးအား ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး



MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ Parbisure အမည်ဖြင့် ဆေးဝါးရောင်းချခြင်းများ ရှိ/မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့က  ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် Towards uitimate Company Limited သည် ဂျာမနီနိုင်ငံထုတ် Parbisure ၊V/HV Injection အကြောအားဆေးအား အစားသောက်နှင့် ဆေးဝါးကွပ်ကဲ ဦးစီးဌာန(FDA)၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိပါကြောင်းနှင့် ယခုအခါ ဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာန၏အသိအမှတ်ပြု DRC No. မပါရှိသော Parbisureအမည်ဖြင့်ဆေးအား မြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် တင်သွင်းရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆေးအား ရောင်းချပါက  တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊  မြို့နယ်ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်းဆေးဆိုင်များသို့ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)