လားရှိုးမြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး




MNP ၊ မတ်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၁)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများတွင် ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် စာစစ်ဌာနများတွင်တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍  တက္ကသိုလ်ဝင်တန်းစာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ထားမှုများ၊ မေးခွန်းနှင့်အဖြေလွှာများ လုံခြုံရေးဆောင်ရွက်ထားမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


လားရှိုးမြို့တွင် စာစစ်ဌာန(၂)ခုရှိပြီး ၂၀၂၂-၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၉၃၃)ဦးရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)