ကျိုက်ထိုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အေးချမ်းစွာဆက်လက်ဖြေဆို





MNP ၊ မတ်  ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာနများ တွင် မတ်လ ၉ ရက်၊ နံနက် ၉ နာရီ မှစတင်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို နိုင်စေရန် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်မှ ဒုတပ်မမှူးဗိုလ်မှူးကြီးထင်လင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန (၄)ခုရှိပြီး အထက(၁)စာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း ၃၄၄ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၃၁၂ ဦး၊ ပျက်ကွက် ၃၂ ဦး၊ အထက(၂)၌ စာရင်းပေးသွင်းသူ ၆၂ ဦး၊ လာရောက်ဖြေဆိုသူ ၆၀ ဦး၊ ပျက်ကွက် ၂ ဦး၊ အထက(ကျိုက္ကသာ)၌ စာရင်းပေးသွင်းသူ(၄၅)ဦးဖြေဆိုသူ(၄၁)ဦး ပျက်ကွက်သူ(၄)ဦး အထက(သိမ်ဇရပ်) မှ စာရင်းပေးသွင်းသူ(၂၂၄)ဦးဖြေဆိုသူ(၂၀၅)ဦး ပျက်ကွက်သူ(၁၉)ဦး စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း ၆၇၅ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ ၆၁၈ ဦး၊ ပျက်ကွက်သူ ၅၇ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)