MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌အခြေခံပညာဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာအထက် တန်းအဆင့်(ခရိုင်အဆင့်)နှင့် အလယ် တန်းအဆင့်(ခရိုင်အ ဆင့်)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အ ခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင် ရွက်ကြောင်းသိရသည်။
အဆိုပါ၂၀၂၂-၂၀၂၃ခုနှစ် ပညာသင်နှစ်၊ အခြေခံပညာအထက် တန်းနှင့် အလယ်တန်းအဆင့်(ခရိုင်အဆင့်) ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ များကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များအား နံနက် ၉ နာရီမှ ၁၆၀၀ နာရီထိ ဆွေးနွေးမှုများပြုလုပ်ပြီး အမ်းခရိုင်အတွင်းရှိအခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ၊ ဆရာမ (၁၁၃)ဦး ၊ နည်းပြ (၉)ဦး နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၆၃၄))ဦး ၊ နည်းပြ (၂၁)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ မတ် ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၄ ရက်ကြာဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးထံမှသိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost




No comments:
Post a Comment