ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်


MNP ၊ မတ်  ၂၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ပြုလုပ်ကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲ နှင့် ပါဠိပထမပြန်စာမေးပွဲအား စစ်ကိုင်းတိုင်း​ဒေသကြီး​ရွှေဘိုမြို့ အမှတ်(၄) ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်​တော်ကြီးတွင် ယမန်​နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ရာ ကျောင်းတိုက်အသီးသီးမှ စာဖြေသံဃာတော်များ အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိ သည်။


စာမေးပွဲ ဖြေဆိုနေကြသည့် ရဟန်း၊ သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်သံဃနာယကဉက္ကဋ္ဌ ဆရာတော်အပါအဝင် ကြီးကြပ်ဆရာတော်များအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် တာဝန်ရှိသူများ၊ မြို့မိ​မြို့ဖများ၊​စေတနာရှင် အလှူရှင်များက သွား​ရောက်ဖူး​မျှော်ကြည်ညိုခဲ့ပြီး ​ရေသန့်၊ အချိုရည်များ လှူဒါန်း​ပေးခဲ့​ကြောင်း သိရပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ အပါအဝင် လိုအပ်သည်များကို ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။     ​


အဆိုပါ စာမေးပွဲအား မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာကျမ်းအား စာဖြေသံဃာတော်(၂၉၆)ပါး၊ သီလရှင် (၃၈)ပါး စုစု​ပေါင်း(၃၃၄)ပါး ဖြေဆိုလျက် ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)