အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်


MNP ၊ မတ်  ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနှိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို မတ်လ ၇ မွန်းလွဲ (၂)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။


အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က (၁၄)ရက်ကြာ ကျင်းပမည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲနှင့် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ပူးပေါင်းပါဝင် ပေးရမည့်ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြရန် ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် ပတ်သက်၍ စာဖြေသံဃာ၊ ကြီးကြပ်ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမည့်အကြောင်း တို့ကိုလည်းကောင်း၊ ခရိုင်သာသနာရေးအရာရှိ ဦးဇော်ဝင်းနိုင်က မေးခွန်းလွှာ၊ စာဖြေလွှာများ ထုတ်ယူရေးနှင့် ပြန်လည်ပေးပို့နိုင်ရေး တို့အတွက် ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြကြရာ အဆိုပါ တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က လိုအပ်သည်များကို ဆောင်ရွက်ရန် အကြံပြုခဲ့သည်။


ဆက်လက်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုအခြေ အနေ၊ ပျော်ရွှင်စွာရေကစားမည့် နေရာစီစဉ်ထားမှု၊ ရေပြတ်လပ်မှုမရှိစေရေး၊ ကျွေးမွေး ဧည့်ခံရေးနှင့် ဖျော်ဖြေ ရေးဆောင်ရွက်ရမည့် အခြေအနေတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြ သည်။ ထိုသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၏ ဆွေးနွေးမှုများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်၍ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment