ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း သင်တန်းဖွင့်ပွဲကျင်းပ



MNP ၊ မတ် ၂၄

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း(အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင်များ အခြေခံအဘိဓမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ/အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းတက်ရောက်ကြမည့် ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း (အမျိုးသမီး)၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း များ၏ မိသားစုဝင် သင်တန်းသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အခြေခံအဘိဓမ္မာသင်တန်း ဖွင့်လှစ်ပေးရခြင်းမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည့် အဘိဓမ္မာ(၇)ကျမ်းနှင့် ပတ်သက်၍ အခြေခံအဆင့်အနေဖြင့် သိရှိနားလည်နိုင်စေရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာ၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို ချစ်မြတ်နိုးတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဘိဓမ္မာတရား၏ အခြေခံကို သိရှိနားလည်ပြီး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့် ပေါင်းသင်း ဆက်ဆံရာတွင်လည်း များစွာအထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးကို ရရှိ မည်ဖြစ်ကြောင်းမှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက သင်တန်း တက်ရောက်ကြမည့် သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။


အဆိုပါ အခြေခံအဘိဓမ္မာသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ အရာထမ်း (အမျိုးသမီး)၊ တပ်ဖွဲ့ ဝင်/ ဝန်ထမ်း အရာထမ်းများ၏ မိသားစုဝင် သင်တန်းသူ စုစုပေါင်း ၆၄၃ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၃ ရက်မှ ၃၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)