(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့် ကျောက်မျက်အတွဲ ၇၇ တွဲ ရောင်းချခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့် ကျောက်မျက်အတွဲ ၇၇ တွဲ ရောင်းချခဲ့ရ


MNP ၊ မတ် ၂၄

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့် ကျောက်မျက်အတွဲ ၇၇ တွဲ ရောင်းချခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျင်းပပြုလုပ်သည့် (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိစေနိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီ၏စီစဉ်မှုဖြင့် မတ် ၁၇ ရက်မှ ၂၃ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌  ပိတ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ် ၁၈ ရက်မှ ၁၉ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို မတ် ၂၀ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို မတ် ၁၇ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)