MNP ၊ မတ် ၂၄
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်က စတင်အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု အစီအစဉ် (Global Civilization Initiative) ကိစ္စ၊ တရုတ်နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့်(၁၄) ကြိမ်မြောက် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အစည်းအဝေး တို့မှရရှိခဲ့သည့် အောင်မြင်မှုရလဒ်များ၊ မြန်မာ - တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် အကျိုးတူပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
#MyanmarNationalPost

No comments:
Post a Comment