ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ


MNP ၊ မတ်  ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူးပေါင်း၍ (Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အောင်မြင်ဖို့အချိန်စာအုပ်ဖြင့် ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)အဖွဲ့၀င် ဦးအောင် ဇင်မျိုးနှင့်အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဥ်များမှ အောင်မြင်ဖို့အချိန် အကျိုးရှိစွာ နားထောင်တတ်ပါစေ သူတို့ဘာကြောင့် အောင်မြင်စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)