ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်



MNP ၊ မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါမြို့နယ်ရှိ ဒက္ခိဏရာမ ဘုရားကြီးတိုက်၌  ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။


တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၄၃ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment