MNP ၊ မတ် ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်းညှိ နှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့၊ အတွင်းရေး မှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး က မတ်လ (၈) ရက်နေ့ မှစတင်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုတော့မည်ဖြစ်၍ ဌာနဆိုင်ရာများ မှ ဖြေဆိုမည့် စာစစ်ဌာနအလိုက် အပြင်စောင့်နှင့် ကျောင်း သူ/ ကျောင်းသား များ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း လိုအပ်ချက်မှန်သမျှကို ဝိုင်းဝန်း လုပ် ဆောင်ကြရန် နှင့် ရွေးကောက်ပွဲ စစ်တမ်းကောက်ယူရာတွင် အချိန်မီပြီးစီးရန် စသောအ ကြောင်း အရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို စဉ်ကာလအတွင်း ၊ ကျန်းမာ ရေး၊ လုံခြုံရေး ၊ ထူးခြားဖြစ်စဉ်များ ဖြစ်ခဲ့လျှင် အချိန်နှင့်တပြေးညီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကို သက်ဆိုင်ရာ စာစစ်ဌာနရှိ တာဝန်ယူဆောင်ရွက်ရသော ဌာနဆိုင် ရာများမှ အကြောင်းကြားကြရန် တို့ကိုပြောကြားခဲ့ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများ မှ လည်း မိမိ တို့ဌာနအလိုက် လိုအပ်သည်များ ကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ အတွင်းရေးမှူး မှ ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment