၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကိုအေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာကိုအေးချမ်းစွာဖြေဆို





MNP ၊ မတ်  ၈

      ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမြန်မာစာဘာသာကို ယနေ့နံနက် ၉ နာရီက စတင်၍ တစ်နိုင်ငံလုံးတစ်ပြိုင်နက်ကျင်းပရာရမ်းဗြဲမြို့နယ်၌၊ရမ်းဗြဲမြို့၊အမှတ်(၁)အခြေခံပညာအထက်

တန်းကျောင်းစာစစ်ဌာန ကျောက်နီမော် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့်  ကျောက်တွေ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတို့တွင်အေးချမ်းစွာဖြေဆိုကြသည်။


     ရမ်းဗြဲမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေဆိုရန် အတွက်ရမ်းဗြဲမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် (၅၄၇)ဦး၊ ကျောက်နီမော်၊ စာစစ်ဌာနတွင်(၁၁၃)ဦးနှင့်ကျောက်တွေစာစစ်ဌာနတွင် (၁၅၆)ဦး၊   စုစုပေါင်း ကျောင်းသား/ ကျောင်းသူ( ၈၀၆ )ဦးတို့ စာရင်းပေးသွင်းထားရှိခဲ့ကြသည်။


    အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ရမ်းဗြဲမြို့၊အမှတ်(၁)

အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင်ဖြေဆိုသူ ( ၄၆၄ )ဦး၊ ပျက်ကွက်(၈၁) ဦး၊ ကျောက်နီမော်၊   စာစစ်ဌာနတွင်ဖြေဆိုသူ( ၁၄၀ )ဦး၊ ပျက်ကွက်( ၁၆)ဦးနှင့် ကျောက်တွေစာစစ်ဌာနတွင်ဖြေဆိုသူ ( ၉၄)ဦး၊ ပျက်ကွက်(  ၉ )ဦး ဖြေဆိုကြရာစုစုပေါင်းဝင်ရောက်ဖြေဆိုသူ(၆၉၈)ဦးတို့အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြကြောင်းသိရသည်။


အေင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)