တနင်္သာရီမြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ (မြန်မာစာ)စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ (မြန်မာစာ)စတင်ဖြေဆို



MNP ၊ မတ်  ၈

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ အ-ထ-က တနင်္သာရီ စာစစ်ဌာနတွင် မတ်လ(၈)ရက် နံနက် ၉ နာရီအချိန်မှစ၍  တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ အေးချမ်းစွာစတင်ဖြေဆိုခဲ့ကြသည်။


ယင်းကဲ့သို့ အ-ထ-က တနင်္သာရီစာစစ်ဌာနအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်တို့က လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရှိရသည်။


၎င်းတက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က တနင်္သာရီစာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ အတွဲ(၁)တွင် ကျား(၅၁)ဦး+ မ(၁၅၇)ဦး၊ ပေါင်း(၂၀၈)ဦး ရှိသည့်အနက် ကျား(၃၂)ဦး+မ(၁၁၇)ဦး၊ ပေါင်း(၁၄၉)ဦး လာရောက်ဖြေဆိုပြီး၊ အတွဲ(၂)မှ ကျား(၆)ဦး+မ(၁၀)ဦး၊ ပေါင်း(၁၆)ဦးရှိသည့်အနက် ကျား(၄)ဦး၊ မ(၈)ဦး၊ ပေါင်း၁၂)ဦးနှင့် အတွဲ(၇)မှကျား(၆)ဦး+မ(၆)ဦး၊ ပေါင်း(၁၂)ဦးရှိရာ ပျက်ကွက်မရှိကြောင်း သိရသည်။


သို့ပါ၍ ဖြေဆိုရန် စုစုပေါင်း စာရင်းရှိ(၂၃၆)ဦးအနက် စုစုပေါင်းလာရောက် ဖြေဆိုသူ (၁၇၃)ဦးဖြစ်ပြီး ပျက်ကွက်သူ(၆၃)ဦးဖြစ်ကြောင်း၊ ဖြေဆိုမှုရာနှုန်းမှာ (၇၃ဒဿ ၃၁) ဖြစ်ကြောင်းသိရသည်။ ၎င်းစာမေးပွဲကို အဆင်ပြေအေးချမ်းစွာ ကျင်းပဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျပ်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)