ရခိုင်ပြည်နယ် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေး




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊မြောက်ဦးနယ်၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှစတင်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို ယနေ့ နေ့လယ် ၂ နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့က မြောက်ဦးမြို့ပေါ်ရှိ စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ  ဗိုလ်မှူးကြီး တင်ထူးလှိုင် ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်ပညာရေးမှူး ဒေါ်ဦးအေး ခင် ၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့သွားရောက်ပြီး စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များဖြင့် တာဝန်များခွဲဝေချထားမှု ၊ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးကိစ္စရပ်များ ပေါ်ပေါက်လာပါက ဆောင် ရွက် ပေးရန် ကျန်းမာရေးဝန်ထမ်းများ တာဝန်ချထားမှု တို့ကို စာမေးပွဲ ကြီးကြပ်ရေး ကော်မတီ များ အား ရှင်းလင်းမှာကြားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာဖြေခန်းများ စနစ်တကျ ပြင် ဆင်ထားရှိမှု ၊ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မီးသတ်ဆေးဗူး၊ မီးချိတ် ၊ မီးကပ် ၊ သဲအိတ် ၊ ရေစုကန်များ၌ ရေများဖြည့်တင်းထားရှိမှု အခြေအနေ ၊ စာစစ် ဌာန များတွင် လျှပ်စစ်မီး များ သွယ် တန်းထားရှိမှု အခြေအနေ တို့ကို လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။


မြောက်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) ၊ အ.ထ.က (၂) နှင့် အ.ထ.က မြောင်း ဘွေ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၆၉) ဦး ဖြစ် ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)