အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား မြောက်ကိုရီးယားက ပြင်းထန်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဟု သတိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား မြောက်ကိုရီးယားက ပြင်းထန်သော တုံ့ပြန်မှုများ ဆောင်ရွက်မည်ဟု သတိပေး


MNP ၊ မတ် 

၎င်း၏လက်နက်စမ်းသပ်မှုများကို ဝင်ရောက်စွက်ဖက်ရန် အမေရိကန်၏ ကြိုးပမ်းမှုမှန်သမျှကို “စစ်ကြေညာခြင်း” အဖြစ် သတ်မှတ်ကြောင်း ပြုံယမ်းက ပြောကြားခဲ့သည်။


စမ်းသပ်ပစ်လွှတ်စဉ်အတွင်း အမေရိကန်စစ်တပ်အနေဖြင့် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် မြောက်ကိုရီးယားက အင်အားအလုံးအရင်းနဲ့ တုံ့ပြန်မယ်လို့ ပြောဆိုထားပါတယ်။ ဝါရှင်တန်နှင့် ဆိုးလ်တို့သည် ၎င်းတို့၏ နောက်ဆုံးအကြိမ် လေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် နာရီပိုင်းအတွင်း ယင်းသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အနည်းဆုံး နျူကလီယား ဗုံးကြဲလေယာဉ်တစ်စင်း ပါဝင်ခဲ့သည်။


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နှင့် အာဏာရ အလုပ်သမားပါတီမှ အကြီးတန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Kim Yo-jong သည် ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦး၏ "ပစိဖိတ်သမုဒ္ဒရာထဲကို မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ တာဝေးပစ်ဒုံးကျည်မှန်သမျှ ချက်ချင်းကြားဖြတ်ပစ်မယ်။" ဟု ပြောဆိုချက်ကို ကိုးကား၍ သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ခဲ့သည်။ 


“ကြားဖြတ်ဟန့်တားခြင်းကဲ့သို့သော စစ်ရေးတုံ့ပြန်မှုသည် အမေရိကန်၏ တရားစီရင်ပိုင်ခွင့်အောက်မရှိသော ပင်လယ်ပြင်နှင့် လေပိုင်နက်အတွင်းရှိ အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေဘဲ ကျွန်ုပ်တို့၏ မဟာဗျူဟာမြောက် လက်နက်စမ်းသပ်မှုဖြစ်ကြောင်း၊ ကြားဖြတ်ဟန့်တားခြင်းကဲ့သို့သော လုပ်ဆောင်မှုကို  စစ်ကြေညာပါတယ်” ဟု အစိုးရပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA) မှ မှတ်ချက်များ ပေးခဲ့သည်။


မြောက်ကိုရီးယားသည် အမေရိကန်နှင့် "တောင်ကိုရီးယား ရုပ်သေးစစ်တပ်" တို့၏ စစ်ရေးလှုပ်ရှားမှုအားလုံးကို အနီးကပ် စောင့်ကြည့်နေမည်ဖြစ်ကြောင်း၊ ပြုံယမ်းသည် အချိန်မရွေး လျင်မြန်ပြီး ပြင်းထန်သော အရေးယူမှုဖြင့် တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။


တနင်္လာနေ့တွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားကို တိုက်ခိုက်သည့် အင်အားပြသမှုအဖြစ် နျူကလီးယားစွမ်းရည်ရှိသော B-52H ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တစ်စင်းဖြင့် မြောက်ကိုရီးယားကို ဆန့်ကျင်သည့် အင်အားပြသည့်အနေဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့ B-1B ဗုံးကြဲလေယာဉ် အပါအဝင် အလားတူ စစ်ရေးလေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့ပြီး နောက်ထပ် စစ်ရေးလေ့ကျင့်မှုကို နောက်အပတ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။


ဝါရှင်တန်နှင့် ဆိုးလ်တို့သည် စစ်ရေးလေ့ကျင့်မှုကို တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရှုတ်ချသည့် ပြုံယမ်းမှ အကြိမ်ကြိမ်ကန့်ကွက်ခဲ့သော်လည်း စစ်ရေးလေ့ကျင့်မှုကို "မကြုံစဖူး ပြင်းထန်သော တန်ပြန်တုံ့ပြန်မှုများဆီသို့ ဦးတည်သွားနိုင်သည်" ဟုလည်း သတိပေးခဲ့သည်။


ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လုံးဝရပ်တန့်ရန် ကုလသမဂ္ဂထံ တောင်းဆိုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအား “အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ ရန်စသော သဘောထားမှတ်ချက်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ချက်ချင်းရပ်တန့်ရန်” ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိ ကင်မ်ဆွန်ယောင်က ၎င်းတို့၏ “ရန်လိုသည့် သဘော” ရှိနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းက စစ်ပွဲများကို ရှုံ့ချခြင်း မရှိကြောင်း၊ ဒေသတွင်း ထိပ်တိုက်ရင်ဆိုင်မှု အဆင့်ကို တာဝန်မဲ့စွာ မြှင့်တင်နေသည်ဟု ဝါရှင်တန်နှင့် ဆိုးလ်အား စွပ်စွဲပြောဆိုခဲ့သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)