ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ပ ဓာနသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ဆက်ကပ် ခံရသောဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ပ ဓာနသဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ဆက်ကပ် ခံရသောဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အား ဂုဏ်ပြုကြိုဆို




MNP ၊ မတ်  ၇

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ ၌ နိုင်ငံတော်အစိုးရမှ သာသနာတော်ဆိုင် ရာဘွဲ့ တံဆိပ် ချီးမြှင့် ခံရသောမြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ကြီးသည် ယမန်နေ့ ညနေပိုင်းအချိန်ကမြောက်ဦးမြို့သူ/သားများ နှင့် တကာ၊တကာမ များတို့မှ မြို့တစ်ပတ် လည့် လည် ဂုဏ်ပြု ပူဇော် ခဲ့ကြောင်းသိရသည်။


အဆိုပါ မြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ မထေရ်မြတ်အားသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် နိုင်ငံတော်အစိုးရမှ သာသနာ တော် ဆိုင်ရာဘွဲ့တံဆိပ်တော်  သဒ္ဓမ္မဇောတိကဓဇဘွဲ့ချီးမြှင့်ခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှဆက်ကပ် ပူဇော်ခဲ့သည့် ဘွဲ့တံဆိပ်တော်နှင့်အတူ  မြောက်ဦးမြို့နယ်အတွင်းရှိတပည့်ရဟန်းသံဃာ ၊ ဒါယကာ ၊ ဒါယိကာမအပေါင်းတို့ကကြိုဆိုဂုဏ်ပြုပင့်ဆောင် ၍ ကြိုဆိုရေးမင်္ဂလာယာဉ်တန်းဖြင့် မြောက်ဦးမြို့ ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အပူဇော်ခံကြပြီးမြို့မပရိယတ္တိစာသင်တိုက်၊ မြို့သစ်(ဘ.က) ကျောင်းတိုက်သို့  ပြန်လည်ကြွရောက်ကာတပည့်ရဟန်းသံဃာ၊ ဒါယကာ ၊ ဒါယိကာမများ အပေါင်း တို့ကို ဓမ္မာရုံအတွင်း၌  ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် အခုလိုလိုက်လိုက်လဲလဲနှင့် ကြိုဆိုဂုဏ် ပြုခြင်းအကြောင်းနှင့်ပတ်သတ်၍ ကျေးဇူးတင်စကား များရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)