မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေခံတရား(၇)ရက်သင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေခံတရား(၇)ရက်သင်တန်းဖွင့်ပွဲကျင်းပ





MNP ၊ မတ်  ၇

ရခိုင်ပြည်နယ် မာန်အောင်မြို့ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌မိုးကုတ်ဝိပဿနာသင်တန်းနှင့်အဘိဓမ္မာအခြေခံတရားတော်(၇)ရက် သင်တန်းကို ယနေ့နေ့လယ်၁၂နာရီက အဆိုပါဘိုးဘွားရိပ်သာ(ဓမ္မဗိမ္မာန်)၌ကျင်းပခဲ့သည်။


   ရှေ့ဦးစွာ အခမ်းအနားကို``နမောတဿ´´သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြပြီး သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သင်တန်းဖြစ်မြောက်ရေးကော်မတီအဖွဲ့(ကိုယ်စား)ဦးခင်မောင်ရင်ကရှင်းလင်းလျှောက်ထားသည်။


   ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ(သုဓမ္မာ)ကုန်းတန်းဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များကိုနာယူကြသည်။

  ယင်းနောက်မြို့နယ်သံဃနာယကဥက္ကဋ္ဌ(ရွှေကျင်)မဟာဓမ္မိကာရုံကျောင်းဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရထံမှသြဝါဒခံယူကြပြီးသံဃာတော်များအား လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြသည်။


    ဆက်လက်၍ ဒေါက်တာဦးစိုးထွန်းအောင် ပြည်နယ်ကျန်းမာကုသရေးဦးစီးမှူး(ငြိမ်း)မှတက်ရောက်လာသူများနှင့်မိတ်ဆက်စကားပြောကြားပြီး မိုးကုတ်ဝိပဿနာ နည်းပြဆရာကြီးဒေါက်တာအေးသိန်းမှ ပဋိစ္စသမုပ္ပါဒ်တရားများကို ဆွေးနွေးပြောကြားသည်။


   အဆိုပါ မိုးကုတ်ဝိပဿနာ နေ့အလုပ်ပေးတရားသင်တန်း(၇)ရက်စခန်းသို့  သင်တန်းသား/သူယောဂီ ၇၅ဦး တက်ရောက် ကြပြီး သင်တန်းကိုမတ်လ၇ရက်နေ့မှ၁၃ရက်နေ့ထိ နေ့စဥ် နေ့လယ်၁၂နာခွဲမှ၃နာရီထိဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)