ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများအား လှည့်လည်ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများအား လှည့်လည်ကြည့်ရှု




MNP ၊ မတ်  ၇

မန္တလေးဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား/ကျောင်းသူများ စည်းကမ်းရှိစွာနှင့် အေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ ဘေးကင်းလုံခြုံရေး၊ မီးဘေးလုံခြုံရေး၊ စာဖြေခန်းတွင် အသုံးပြုမည့် စာရေးခုံများ၊ ထိုင်ခုံများ၊  လျှပ်စစ်မီးသုံးစွဲထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ စာဖြေခန်းအတွင်းသို့  အလင်းရောင်လုံလောက်စွာရရှိရေး ဆောင်ရွက်ထားရှိမှုများအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီအဆောင်နှင့် သုံးထပ်အဆောင်များတွင် ပြင်ဆင်ထားရှိပြီး ဧရာဝတီစာစစ်အဆောင်တွင် ကျောင်းသား/ကျောင်းသူ(၆၁၅)ဦး၊ သုံးထပ်အဆောင်တွင် ကျောင်းသား/ ကျောင်းသူ (၅၁၅)ဦး စုစုပေါင်း (၁၁၃၀)ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)