(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် (ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် (ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ





MNP ၊ မတ်  ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉နာရီက (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် (ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ) ကျင်းပရာ ပြည်ခရိုင်အတွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၅၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲဝင်‌ ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်မှုအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်းဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ ခရိုင်ပြန်/ ဆက်ဦးစီးမှူး၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကြသည်။


ပြိုင်ပွဲများတွင် အခြေခံပညာအထက်တန်းအဆင့် ကွန်ပျူတာပန်းချီ ၈ဦးအပါအဝင် ပန်းချီနှင့်ပိုစတာပြိုင်ပွဲတွင် အခြေခံပညာအလယ်တန်းအဆင့် ၁၆ဦးနှင့် မူလတန်းအဆင့် ၂၇ဦး  စုစုပေါင်း ၅၁ဦးပါဝင်ယှဉ်ပြိုင်ကြပြီး အဆိုပါ ကျောင်းသား၊ကျောင်းသူများက "မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံ့အတွက်"၊ "မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပလူမှုဘဝ"၊ ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့"၊ "မျိုးဆက်သစ်များတိုတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့"၊ "လုံခြုံစိတ်ချပြည်သူ့ဘဝ မူးယစ်မှန်သမျှတိုက်ဖျက်ကြ"၊ "လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့" စသည့်ခေါင်းစဉ်တို့မှ ကြိုက်နှစ် သက်ရာခေါင်းစဉ်တစ်ခုစီ ရွေးချယ်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


ကိုဆက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)