ရွှေတောင် မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP   -   မတ် ၄

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ရွှေတောင် မြို့နယ်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှစ၍  စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ မေးခွန်းနှင့်အဖြေလွှာများ၏ လုံခြုံရေး၊ဖြေဆိုစဉ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ယာယီဆေးခန်းဖွင့်လှစ်မှု ဆောင်ရွက်ပေးနိုင်ရေး၊ စာမေးပွဲတွင် ကြီးကြပ်မည့် ဆရာ၊ဆရာမများ၏လုံခြုံရေးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက်ဖြေဆိုမည့် အချိန် ဇယား၊ ဖြေဆိုခွင့်ကတ်ပြားများတစ်ပါးတည်းယူဆောင်လာရေးတို့ကို တာဝန်ရှိ ဆရာ/ဆရာမများက ကြီးကြပ်ရေး၊ ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်စေရန်အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်မကျစေရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး ရဲမှူးနိုင်စိုးမှ စာမေးပွဲအပြင်စည်းတွင် လုံခြုံရေးချထားနိုင်ရေးအစီအစဉ်များကိုရှင်းလင်း ပြောကြားခဲ့သည်။  


ထို့နောက်ရွှေတောင်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သည့် လုံခြုံရေးအဖွဲ့များအား  အသီးသီးတာဝန်ချထားပေးခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအကျိုးတော် ဆောင်အဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်အခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်မှ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)