MNP ၊ မတ် ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်လှိုဏ်ဂူတော် အတွင်း၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် အဆိုပါ စေတီတော် လှိုဏ်ဂူတော်ကြီးအတွင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင့်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွက်ဆိုဘုရားကန်တော့၍ မောင်တောမြို့ သန္တိသုခကျောင်းတိုက် ဦးစီးပဓာန နာယက မြို့နယ် သံဃနာယက အဖွဲ့၀င် ဘဒ္ဒန္တ ဉာဏသီရိမှ ရောင်ခြည်တော် ဖွင့်ဂါထာတော်ဖြင့် ဘုရားပင့်တော်မူခဲ့သည်။ထို့နောက် ပဲရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာ တိက္ခိနြိယ အရှင်မဟာဗုဒ္ဓဃောာသ ရေးဖွဲ့ဆိုအပ်သော ပဌာန်းအဌကထာဂါထာဖြင့် ပဌာန်းကျမ်းတော်တို့ကို ဂါရ၀ပူဇာမင်္ဂလာအမှုပြုပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် ဧည့်ပရိတ်သတ်များက သုံးမိုင် ပရဟိတနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ် ဩဝါဒစာရိယမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသီရိထံမှငါးပါးသီလ ခံယူဆောက်တည်ကြသည်။ဆက်လက်၍ ဗဟိုလ်ကျောင်းတိုက် ဦးစီးပဓာနနာယက သာသနာ့ဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ သောမ က ပဌာန်းတရားနားကြားရန် နတ်ဗြဟ္မာများ ဖိတ်ကြားပြီး အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက် ဦးစီးပဓာနနာယက မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ မဏီသာရဆရာတော်ကြီးထံမှ ပဌာန်းအကြောင်းသိကောင်းစရာများ နှင့် ဩဝါဒကထာ နာယူခဲ့ကြသည်။ယင်းနောက် ကျီးကန်ပြင် တပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ ၀ဏ္ဏက ပဌာန်းဒေသနာများရွတ်ဖတ်ပူဇော်နိုင်ရန်အတွက် တိုက်တွန်း နှိုးဆော်လွှာ ပဌာန်းအမွမ်းဂါထာ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပင့်သံဃာတော် အရှင်သူမြတ် များ နှင့် ဧည့်ပရိတ်သတ်များက ပဌာန်းပစ္စယုဒ္ဒေသကို သံပြိုင်ရွတ်ဆိုကာ အလှည့်ကျ ဆရာတော်များမှ ပဌာန်းကျမ်းကို ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ပင့်သံဃာတော် အရှင်သူမြတ်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၀င် (၁)ဒုတိယဗိုလ်မှူးကြီး ကျော်သူ၀င်း နှင့် အဖွဲ့၀င်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့၀င်များ ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊အမျိုးသမီးရေးရာ အဖွဲ့၀င်များ၊ ၀တ်ရွတ်အဖွဲ့များ၊ ဧည့်ပရိတိသတ်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment