ရသေ့တောင်မြို့၌ နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲဆောင်ရွက်




MNP ၊ မတ်  ၇     

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုသိရှိစေရန် အလုပ်ခေါ်ကြော်ငြာစာများ၊ဓါတ်ပုံများကို နံရံကပ်ပြဘုတ်တွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်ကရသေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ပြသခဲ့သည်။


အဆိုပါနံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲတွင် ဘွဲ့ရရှိပြီး လုပ်ငန်းခွင်သို့ဝင်ရောက်ရန် စောင့်နေသူများနှင့် တက္ကသိုလ်ဝန်တန်းအောင်မြင်ပြီး လုပ်ငန်းခွင်ဝင်ရောက်လိုသူများကို အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ကြော်ငြာစာများကို တစ်လလျှင် (၂) ကြိမ် ကြောငြာစာများ ပြသသွားမည် ဖြစ်ကြောင်း ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment