ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်


MNP ၊ မတ်  ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ဒိုက်ဦးမြို့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးများသို့ သွားရောက်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရခြင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့်စာဖတ် ပရိတ်သတ်များ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်‌ကြောင်း သိရသည်။ အဆိုပါဆောင်ရွက်ခြင်းတွင် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment