ပေါက်တောမြို့တွင် ဌာနဆိုင်ရာများ အပတ်စဥ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဌာနဆိုင်ရာများ အပတ်စဥ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်




MNP ၊ မတ်  ၂၂

      ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဥ်ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက မတ်လ (၂၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါဠိပထမပြန်စာမေးပွဲအောင်မြင်စွာကျင်းပရေးကိစ္စရပ်များ၊ ကြီးကြပ်ဆရာတော်ကြီးများအပါအဝင် စာဖြေသံဃာ (၇၀)ပါး၏ ဆွမ်းနှင့် လိုအပ်သောဝေယျာဝစ္စများ ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် တာဝန်ယူရမည့် ကိစ္စရပ်များ၊ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်မည့်ကိစ္စရပ်များ၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံး/ကျောင်းတို့ကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့မစျေးကြီးမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသေးစိတ်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်ချေးငွေများ ရာသီချိန်အမီ ထုတ်ချေးနိုင်ရေးအတွက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊  မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေးကိစ္စရပ်များ၊အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြရန်နှင့် မိမိတို့ရုံးအဆောက်အဦ အတွင်း အပြင် သန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန်ဆွေးနွေးပြောကြားသည်။


     ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)