ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောအစီအစဉ် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောအစီအစဉ် ပြုလုပ်



MNP ၊ မတ်  ၂၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်နှင့် စကားပြောစွမ်းရည် မြင့်တက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပုံပြင်ပြောအစီအစဉ် ပြုလုပ်သည်။


ပထမဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ပုံပြင်ပြောအစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်း ပြောကြားပြီး ကလေးပုံပြင်များ ရှင်းလင်းရွတ်ဖတ်ပြသည်။ ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ(ကလေးငယ်)များ၏ မှတ်ဉာဏ်စွမ်းရည်တို့ကို စစ်ဆေးကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။


ဘာမီသာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)