လိပ်သိုဒေသတွင် ရာသီဥတုပြောင်းလဲလာသောကြောင့် သရက်ပင်များ ပိုမိုစိုက်ပျိုးလာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုဒေသတွင် ရာသီဥတုပြောင်းလဲလာသောကြောင့် သရက်ပင်များ ပိုမိုစိုက်ပျိုးလာ



MNP ၊ မတ်  ၂၂           

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ရာသီဥတုပြောင်းလဲ၍ သရက်ပင်များ ပွင့်သီးလာသောကြောင့် အိမ်ခြံဝန်းအတွင်း သရင်ပင်များကို ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။


ယခင်က လိပ်သိုမြို့နှင့် ပတ်ဝန်းကျင်တွင်  သရက်ပင်များကို  စမ်းသပ်စိုက်ပျိုးခဲ့ကြသော်လည်း ပွင့်သီးမှုမရှိခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးမှုမရှိကြဘဲ ဒေသတွင်းစားသုံးရန် အခြားမြို့နယ်များမှ မှာယူရောင်းဝယ် စားသုံးခဲ့ကြရကြောင်း သိရသည်။


ယခုအခါ ရာသီဥတုပြောင်းလဲလာမှုကြောင့် သရက်ပင်များ ပွင့်သီးလာခြင်း၊ အသီးတင်လာခြင်းတို့ကြောင့် မိသားစုစားသုံးရန်နှင့် ပြန်လည်ရောင်းချရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။ စိုက်ပျိုးရာတွင်လည်း စားသုံးပြီးရရှိလာသော မျိုးစေ့မှ အပင်ပေါက်များကိုသာ စိုက်ပျိုးကြပြီး ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးမှုမရှိသေးကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)