MNP ၊ မတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းက စတင်ပြီး ကျောက်ကြီးမြို့ အ.ထ.က ကျောင်း၊ မုန်းဒေသ အ.ထ.က ကျောင်းနှင့် နတ်သံကွင်း အ.ထ.က ကျောင်းတို့တွင် အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ဆရာ/ဆရာမများ မွမ်းမံသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်၍ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့် ဆရာ(၂၁)ဦး၊ ဆရာမ(၆၄)ဦး၊ ဆရာ/ဆရာမ စုစုပေါင်း (၈၅)ဦး၊ အခြေခံပညာအလယ်တန်းဆင့် ဆရာ(၅၃)ဦး၊ ဆရာမ(၃၅၆)ဦး၊ ဆရာ/ဆရာမ စုစုပေါင်း (၄၀၉)ဦးကို အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်(၉)မျိုးအတွက် သင်တန်းနည်းပြ ဆရာ/ဆရာမ(၂၇)ဦးဖြင့် ပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်(၆) မျိုးအတွက် သင်တန်းနည်းပြ ဆရာ/ဆရာမ(၁၈)ဦးဖြင့် မတ်လ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ (၄)ရက်တာ ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment