MNP - မတ် ၄
ပရီးမီးယားလိပ်ပွဲစဉ် ၂၆အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိက်တက်အသင်းတို့ရဲ့ ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပါတယ်။
မန်စီးတီး - နယူးကာဆယ် (ယနေ့ည ၇:၀၀)
မန်ချက်စတာစီးတီးအသင်းနှင့် နယူးကာဆယ်ယူနိက်တက်အသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီးတီးဟတ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မန်စီးတီးပိုကောင်းပေမယ့် နယူးကာဆယ်ကလည်း လျှော့တွက်လို့ မရတာကြောင့် ဂိုးနည်းပြီး သရေရလဒ်ထွက်ပေါ်ပါလိမ့်မယ်။(ခန့်မှန်းရလဒ် ၁ - ၁ )
အာဆင်နယ် - ဘုန်းလ်မောက် (ယနေ့ည ၉:၃၀)
အာဆင်နယ်အသင်းနှင့် ဘုန်းလ်မောက်အသင်းတို့ဟာ အာဆင်နယ်အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘုန်းလ်မောက်အသင်းဟာ လက်ရှိမှာရုန်းကန်နေရပြီး အာဆင်နယ်ကလည်း မဖြစ်မနေအနိုင်ကန်သွားမှာ ဖြစ်တာကြောင့် အိမ်ရှင်အာဆင်နယ်တို့ကဘဲ ဂိုးပြတ်နိုင်ပွဲရယူသွားပါလိမ်မယ်။(ခန့်မှန်းရလဒ် ၃ - ၀ )
အက်စတွန်ဗီလာ - ခရစ္စတယ်ပဲလေ့စ် (ယနေ့ည ၉:၃၀)
အက်စတွန်ဗီလာအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ အက်စတွန်ဗီလာအိမ်ကွင်း ဗီလာပါခ့်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ခြေစွမ်းပိုင်တည်ငြိမ်တဲ့အသင်းတွေတာကြောင့် အိမ်ရှင်ဗီလာတို့ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ၂ - ၁ )
ဘရိုက်တန် - ဝက်စ်ဟမ်း (ယနေ့ည ၉:၃၀)
ဘရိုက်တန်အသင်းနှင့် ဝက်စ်ဟမ်ယူနိုက်တက်အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဝက်စ်ဟမ်းက လက်ရှိမှာရုန်းကန်နေရပြီး အိမ်ရှင်ဘရိုက်တန်ကို ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။အသင်းလိုက်ကစားပုံကောင်းတဲ့ ဘရိုက်တန်တို့ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ၂ - ၁ )
ချဲလ်ဆီး - လိဒ်ယူနိုက်တက် (ယနေ့ည ၉:၃၀)
ချဲလ်ဆီးအသင်းနှင့် လိဒ်ယူနိုက်တက်အသင်းတို့ဟာ ချဲလ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းဟာ လက်ရှိမှာအတော်လေးရုန်းကန်နေ၇ပြီး လိဒ်ယူနိုက်တက်ဘက်ကလည်း အမှတ်၇ဖို့မဖြစ်မနေကြိုးစားလာမှာ ဖြစ်တာကြောင့် ဂိုးနည်းပြီး သရေရလဒ်သာ ထွက်ပေါ်ပါလိမ်မယ်။(ခန့်မှန်းရလဒ် ၁ - ၁ )
ဝုဖ် - စပါး (ယနေ့ည ၉:၃၀)
ဝူဗာဟမ်တန်အသင်းနှင့် တော်တင်ဟမ်ဟော့စပါးအသင်းတို့ဟာ ဝုဖ်အိမ်ကွင်း မော်လင်နျူးမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဝုဖ်က ကစားခက်တဲ့အသင်းတို့မျိုးဖြစ်ပေမယ့် ဧည့်သည်စပါးအသင်းကလိုအပ်နေတဲ့ အနိုင်ရလဒ်တစ်ခုကို ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ၁ - ၂ )
ဆောက်သမ်တန် - လက်စတာ (ယနေ့ည ၁၂:၀၀)
ဆောက်သမ်တန်အသင်းနှင့် လက်စတာစီတီးအသင်းတို့ဟာ ဆောက်သမ်တန်အိမ်ကွင်း စိန့်မေရီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ဆောက်သမ်တန်အသင်း ရုန်းကန်နေရပြီး လက်စတာတို့ကလည်း အမှတ်တွေလိုအပ်နေတာကြောင့် ဧည့်သည်လက်စတာတို့က ပြတ်သားနိုင်ပွဲတစ်ခု ရယူသွားပါလိမ့်မယ့်။(ခန့်မှန်းရလဒ် ၀ - ၂ )
နော်တင်ဟမ်ဖောရက်စ် - အဲဗာတန် (မနက်ဖြန်ည ၈:၃၀)
နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် အဲဗာတန်အသင်းတို့ဟာ ဖောရက်စ်အိမ်ကွင်း စီးတီးဂရောင်းဒ်မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နောတင်ဟမ်ဖောရက်စ်က ကစားရခက်တဲ့အသင်းဖြစ်ပေမယ့် အရဲစွန့်ပြီး အမှတ်လိုအပ်နေတဲ့ အဲဗာတန်ရွှေးချင်ပါတယ်။ဧည့်သည်အဲဗာတန်တို့က ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။(ခန့်မှန်းရလဒ် ၀ - ၁ )
လီဗာပူးလ် - မန်ယူ (မနက်ဖြန်ည ၁၁:၀၀)
လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှ ာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။မန်ယူဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် ရာသီကုန်ချန်ပီယံလိပ်ဝင်ခွင့်အတွက် အမှတ်လိုအပ်နေတဲ့ လီဗာပူးလ်နဲ့အန်ဖီးလ်ရဲ့ ရုန်းအားလျှော့တွက်လို့မ၇ပါဘူး။ဒီတစ်ကြိမ်တွေဆံမှာတော့ နှစ်ဖက်ဂိုးများပြီး အိမ်ရှင်လီဗာပူးလ်တို့က အနိုင်ရသွားလိမ့်မယ်။(ခန့်မှန်းရလဒ် ၃ - ၂ )
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment