NUG အကြမ်းဖက်အဖွဲ့မှ နေဘုန်းလတ် နှင့် လွတ်ကိုလတ် က NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးကို Password ချိန်း ရယူသွားပြီး ခိုးသုံးနေခြင်းဖြစ်ကြောင်း ဦးတိုးလွင် တုန့်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့မှ နေဘုန်းလတ် နှင့် လွတ်ကိုလတ် က NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးကို Password ချိန်း ရယူသွားပြီး ခိုးသုံးနေခြင်းဖြစ်ကြောင်း ဦးတိုးလွင် တုန့်ပြန်


MNP ၊ မတ် ၄

ယမန်နေ့က (ဗဟိုအလုပ်ကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဟူသော အမည်ဖြင့် ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင် တို့ (၄)ဦးကို ထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်အချက် အမှတ်(၂/၂၀၂၃) တပ်၍ ထုတ်ပြန်ခဲ့သည့်အပေါ် ဦးတိုးလွင် က "NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးဟာ နဂို NLD ပြန်ကြားရေး အဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ နေဘုန်းလတ် (ယခု NUG) နှင့် လွင်ကိုလတ် (ယခု NUG) တို့ နှစ်ဦးရဲ့ လက်ထဲမှာ ရောက်နေကြပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုကြည်တိုး အဖမ်းခံရပြီးနောက်မှာ နေဘုန်းလတ်နဲ့ လွင်ကိုလတ်တို့ နှစ်ဦးက NLD Facebook Page နဲ့ ဒီလှိုင်း Facebook Page ကို Password ပြောင်းပြီး သိမ်းယူထားခဲ့တာပါ။ နောက်ပိုင်း NLD ဖေ့စ်ဘွတ် Page ကနေမှ NLD ရဲ့ ညာချက်တွေကို တရားမဝင် ထုတ်ပြန်နေခဲ့ကြတာပါ။" ဟု တုန့်ပြန်လိုက်သည်။

ဦးတိုးလွင် က သူအပါအဝင် (၄)ဦး ကို ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည့်အပေါ် "ကျနော်ဟာ NLD ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သလို NLD ပါတီရဲ့ အရေးကြီးဆုံးနဲ့ အရေးပါဆုံး ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် 1988 ခုနှစ် NLD ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေအပြင်၂၀၁၁ ခုနှစ် နှစ်ကုန်မှာ NLD ပါတီ ပြန်မှတ်ပုံတင်ခဲ့ပြီးနောက်ပိုင် NLD ပါတီရဲ့ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များကို အားလုံးနားလည်သလို ကြေကြေညက်ညက်လည်း ရှိထားသူပါ။၂၀၁၁ ခုနှစ် နောက်ပိုင်း ပြန်ဖွဲ့ခဲ့တဲ့ NLD ပါတီဖွဲ့စည်းပုံမှာ CWC ( ဗဟိုအလုပ်ကော်မတီ ) ဆိုတာ လုံးမရှိသလို၊ ဖွဲ့ခဲ့ရင်လည်း တရားလုံးဝမဝင်ပါဘူး။ NLD ပါတီရဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများ အရဆိုလျှင်တော့ ယခု So-called CWC အဖွဲ့မှာ ပါတဲ့ သူ (၇)ဦး + ဒေါ်မေဝင်းမြင့် တို့ဟာ NLD ပါတီအဖွဲ့ဝင်အဖြစ်ကနေ အလိုအလျောက်

ပျက်ပြယ်ပြီးသား ဖြစ်နေသူတွေပါ။ ဒီလိုပဲ NLD ပါတီရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေကြသူတွေ၊ အခြားအဖွဲ့အစည်းတွေမှာ ဝင်ရောက်သွားကြတဲ့ NLD အဖွဲ့ဝင်တိုင်းဟာလည်း NLD ပါတီဝင် မဟုတ်ကြတော့ပါဘူး။ NLD ပါတီဝင်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်သွားတယ်ဆိုတာ NLD ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများမှာ အတိအလင်း ဖော်ပြထားပါတယ်။ တွေ့ဆုံးဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်းရေးနဲ့ အထွေထွေ သဟဇာတဖြစ်ရေးဆိုတဲ့ အဓိကကျသော မူဝါဒတွေကို အခြေခံပြီး NLD ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ယနေ့အထိလည်း NLD ပါတီနဲ့ ပါတီခေါင်းဆောင်တွေဟာ ဒီအခြေခံအချက်တွေကို မူဝါဒတွေအဖြင့် အမြဲတမ်းဆုပ်ကိုင်ထားကြတာပါ။ ကျနော်လည်း အဲဒီလို အကြမ်းမဖက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနဲ့ အထွေထွေသဟဇာတဖြစ်ရေး မူဝါဒတွေကို ကြိုက်လွန်းလို့ NLD ပါတီကို ဝင်ရောက်ခဲ့တယ်။ အဲဒီလို မူဝါဒတွေအတိုင်းပဲ ရပ်တည်ဆုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း (၃၅)နှစ်နီးပါး ရှိပါပြီ။ NLD ပါတီရဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်း ရပ်တည်မှု ကျနော့ရဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်း ရပ်တည်မှုတွေကို ဘယ်လူစားမျိုး ဘယ်အဖွဲ့အစည်းမျိုးကမှ လာပြီး ပြောင်းလဲပစ်လို့ မရနိုင်ဘူးဆိုတာ သဘောပေါက်ပါ။ " ဟု ၎င်းတို့အား ထုတ်ပယ်သည်ဆိုသော ပြည်ပြေး ဝရမ်းပြေးများကို တုန့်ပြန်ထားသည်။

"NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးကို မကျင်းပနိုင်ပဲနဲ့ NLD ဗဟိုကော်မတီ အစည်းအဝေးကို မကျင်းပနိုင်ပဲနဲ့ So-called NLD CWC ကနေ ကျနော်တို့ကို ထုတ်ပယ်လို့ မရပါဘူး။ ပြည်ပအခြေစိုက် တရားမဝင်တဲ့ So-called NLD CWC အဖွဲ့ကနေ  ပါတီရဲ့ အမြင့်ဆုံးတာဝန်ရှိသူတွေဖြစ်တဲ့ တရားဝင်တည်ရှိနေကြတဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ထုတ်ပယ်လို့ လုံးဝမရပါဘူး။ အဲဒီလို ထုတ်ပယ်လို့ ရတယ်ဆိုတာလည်း NLD ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ လုံးဝမရှိပါဘူး။ အဲဒီလို ထုတ်ပယ်တယ်ဆိုပြီး NLD Facebook Page ကို ခိုးသုံးနေကြပြီး လုပ်နေကြတဲ့ So-called NLD CWC အဖွဲ့ထဲ ပါဝင်နေသူ (၈)ဦးစလုံးဟာ ရူးနေကြလို့ပဲ ဖြစ်မှာပါ။ နိုင်ငံရေး ကြပ်မပြည့်နေကြသူများသာ ဖြစ်ပါတယ်။ တစ်ချိန်ကျရင် အဲဒီလူတွေဟာ နိုင်ငံရေး သမိုင်းတရားခံတွေ ဖြစ်မယ့်သူတွေပါ။" ဟု ပြောဆိုလိုက်သည်။

ဦးတိုးလွင် ၏ ရေးသားတုန့်ပြန်မှုတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါ အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့  CEC အဖွဲ့ ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ကြောင်း၊ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင်NLD CEC အဖွဲ့က တာဝန်လည်း မခံသလို တာဝန်လည်းမယူကြောင်း၊ ၈-၁၁-၂၀၂၁ ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားဖြစ်ကြောင်း၊ ဒါကြောင့် NLD ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိကြောင်း၊ NLD CWC အမည်ခံပြီး ဖွဲ့တာဟာလည်း တရားမဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတဆင့် ၈-၁၁-၂၀၂၁  ရက်နေ့မှာ အပြတ်ပြောခဲ့ပါကြောင်း၊ ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ကြောင်း ပြောဆိုထားသည်ကို တွေ့ရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)