စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို



MNP ၊ မတ်  ၈

၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ စစ်ကိုင်းမြို့ရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။


ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုရာသို့ စစ်ကိုင်းခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်မဌာနချုပ်မှ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့် အချိုရည်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြသည်။


စစ်ကိုင်းခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ပြင်ပဖြေဆိုသူ ကျောင်းသား (၄၆၁)ဦး၊ ကျောင်းသူ(၆၈၃)၊ စုစုပေါင်း(၁၁၄၄)ဦး၊ အတွင်းဖြေဆိုသူ ကျောင်းသား (၁၃၇)ဦး၊ ကျောင်းသူ (၁၆၄)ဦး၊ စုစုပေါင်း(၃၀၁)ဦးနှင့် ပြင်ပ/အတွင်း ဖြေဆိုသူကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၄၄၅)ဦး ဝင်ရောက်ဖြေဆို ခဲ့ကြကြောင်း ခရိုင်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။


စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင် ရေးအတွက် စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနှင့် အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ သည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)