မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲယနေ့တွင် စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲယနေ့တွင် စတင်ဖြေဆို




MNP ၊ မတ်  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီက အေးချမ်းစွာစတင်လာ ရောက်ဖြေဆိုကြောင်း သိရသည်။


မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဥယာစန်း) စုစုပေါင်းကျောင်း(၂)ကျောင်းတို့မှ အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) စာစစ် ဌာနတွင်စာရင်းရှိ အတွင်းဖြေဆိုသူ (၂၃) ဦးနှင့် ပြင်ပဖြေဆိုသူ (၁၀) ဦး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၃)ဦးရှိရာ အတွင်းဖြေဆိုသူ (၂၂) ဦးနှင့် ပြင်ပဖြေဆိုသူ (၉) ဦး ဖြေဆိုသူ စုစုပေါင်း(၃၁)ဦးတို့က ယနေ့မြန်မာစာဘာသာရပ်ကို တည်ငြိမ်အေးချမ်းစွာဝင် ရောက်ဖြေဆိုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment