ကျွန်းစုမြို့တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ကျောင်းသား/သူများဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ကျောင်းသား/သူများဖြေဆို


MNP ၊ မတ်  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းစု) စာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က ကျွန်းစုစာစစ်ဌာနတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၀၀)၊ ကျောင်းသူ (၂၂၂)ဦး၊ စုစုပေါင်း (၃၂၂)ဦး ရှိရာ ယနေ့မြန်မာစာဘာသာတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၉၃)ဦး၊ ကျောင်းသူ(၂၀၈)ဦး၊ စုစုပေါင်း(၃၀၁)ဦးရှိပြီး ပျက်ကွက်သူ ကျောင်းသား (၇)ဦး၊ ကျောင်းသူ (၁၄)ဦး၊ စုစုပေါင်း (၂၁)ဦးရှိကြောင်း၊ ဖြေဆိုမှုရာနှုန်းမှာ (၉၃%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပညာရေး ဦးစီးဌာနက ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စည်သူရအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)