မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုကျင်းပ




MNP ၊ မတ်  ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တက္ကသိုလ် ဝင်စာမေးပွဲကို စာစစ်ဌာန (၂) ခုဖြင့် ဖွင့်လှစ်ထားရှိရာမတ်လ ၈ ရက် နံနက်  ၉ နာရီအချိန်က အေးချမ်းစွာစတင်ဖြေဆိုကျင်းပလျက်ရှိသည်။


အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်‌ကြောင်း၊   စာစစ်ဌာန (၂) ခုမှာ အ.ထ.က မင်းလှ(မြို့ပြင်)နှင့် အ.ထ.က စစ်ကွင်းစာစစ် ဌာနတို့ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူစုစု ပေါင်း ၃၈၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဦး ဆောင်ပြီး၊ မြို့နယ်ပညာရေးဌာနနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပေါ်လာပါက အလွယ်တကူအ ဆင်သင့် ဖြေဆိုနိုင်ရန် အရန် ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုပေးနိုင်ရန် စီစဉ်ထားရှိ ကြောင်း သိရသည်။


ပေါက်စ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment