မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ(ပထမ)နေ့စတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ(ပထမ)နေ့စတင်ဖြေဆို


MNP ၊ မတ်  ၈

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က (မယ်စဲ့)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ (ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မယ်စဲ့) စာစစ်ဌာန၌ စာရင်းရှိ ၂၈ ဦး၊ ဝင်ရောက် ဖြေဆိုသူ ၂၆ ဦး၊ ပျက်ကွက် ၂  ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၂ ဒဿမ ၈၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်၊


တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ဘေးကင်းကျန်းမာပျော်ရွှင်စွာဖြင့် အခက်အခဲမရှိ ကောင်းမွန်စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးကျော်သူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝတ်ရည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)