မိုင်းစံမြို့၌ (၇၈)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ်(အကြို) လက်ကမ်းစာစောင်များ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းစံမြို့၌ (၇၈)နှစ်မြောက်တပ်မ‌တော်နေ့ အထိမ်းအမှတ်(အကြို) လက်ကမ်းစာစောင်များ ဖြန့်ဝေ


MNP ၊ မတ်  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၌ (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က မိုင်းစံမြို့  ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ တပ်မတော်၏အား (၁၀)ပါး၊ (၁၃-၇-၁၉၄၇) ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ (၂၃-၃-၂၀၂၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးဆရာ သောင်းကိုကို ရေးသားထားသော “ပြည်သူချစ်တဲ့ တပ်မတော်” ကဗျာ၊ “အမျိုးသားရေး တာဝန်များကို သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်”၊ “အသက်သွေးချွေးစဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ” နှင့် “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” စသည့် အချက်များပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများအား (၇၈)နှစ်မြောက်တပ်မတော်နေ့ကို အစဉ်အောက်မေ့သတိရစေရန် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များကို  စောင်ရေ (၂၅၈) စောင် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)